Breaking News >> News >> Democratic Voice of Burma


ပုလဲမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးကို PDF တပ်က ဝင်ရောက်တိုက်ခိုက်


Link [2022-03-26 23:01:14]



စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို ပုလဲပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက  မတ်လ ၂၅ ရက်  ည ၁၀ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်လောက် သေဆုံးသွားတယ်လို့  ဒေသခံပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ ပုလဲမြို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ရှိသူ ကိုဖိုးသားက “ကျနော်တို့ မနေ့က ပုလဲရဲစခန်းနဲ့ ထွေအုပ်ရုံးကို အဝေးပစ်လက်လုပ်ရှော့ တိုက်လက်နက်ကြီးတွေနဲ့ရော၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့ပါတယ်ခင်ဗျ။  ထွေအုပ်ရုံးကတော့ အဆောက်အဦ ပျက်စီးရုံတင်ပါပဲ။ ရဲစခန်းကတော့ ရဲ ၄ ဦးသေတယ်လို့ သတင်းအတိကျ ရထားတယ်ဗျ” လို့ပြောပါတယ်။  ရဲစခန်းကနေ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့  ဒေသခံ ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်တွေဘက်က အကျအဆုံး မရှိခဲ့ဖူးလို့ လည်း ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ ကျားသစ်နက်‌ပြောက်ကျားတပ်ရင်းက ဦးဆောင်ကာ ကျားသစ်နက်ရဲ့တပ်ခွဲ ၆နဲ့ […]

Most Read

2024-09-21 17:11:50