Breaking News >> News >> Democratic Voice of Burma


မအူပင်တွင် အမျိုးသမီးငယ် ၁ ဦးကို စစ်ကောင်စီက PDF ထောက်ပံ့မှုဖြင့် စွပ်စွဲဖမ်းဆီး


Link [2022-03-16 23:34:00]



ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဆင်းရဲနွမ်းပါးသည့် အမျိုးသမီး ၁ ဦးကို PDF ထောက်ပံ့နေတယ်လို့စွပ်စွဲကာ စစ်ကောင်စီ တပ်သားတွေက မတ်လ ၁၄ ရက်နေ့ ညပိုင်းက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။မအူပင်မြို့ အမှတ် ၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မငြိမ်းအိကို စစ်ကောင်စီ တပ်သားတွေက ညပိုင်း ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။ဒေသခံတဦးက “အဲဒီကောင်မလေးကို PDF ထောက်ပံ့တယ်ဆိုပြီး ဖမ်းတာ။ အဲဒီကလေးမက လက်လုပ်လက်စား ဘဝသမားပါ။ သူ့အိမ်တောင် ကြမ်းလေးချောင်း မပြည့်တဲ့ဘဝမှာ နေရတာ။ ဘယ်လို ထောက်ပံ့နိုင်မှာလဲ။ ပိုက်ဆံလိုချင်လို့ ဖမ်းတာထင်ပါတယ်” လို့ ပြောပါတယ်။မအူပင်မြို့မှာ မတ်လ ပထမပတ်ထဲမှာတင် စစ်ကောင်စီတပ်သားတွေက မြို့ခံ ၁၀ ယောက်ကျော်ကို ဖမ်းဆီးခဲ့ပြီး ၄ ဦးကို […]

Most Read

2024-09-22 00:22:30