Breaking News >> News >> Democratic Voice of Burma


ပဲခူးရိုးမသို့ ဖြတ်သန်းသွားလာမှုမလုပ်ရန် တောင်ငူခရိုင် PDF သတိပေး


Link [2022-03-08 16:33:31]



ပဲခူးတိုင်း၊  တောင်ငူခရိုင်၊ ပဲခူးရိုးမထဲမှာ PDF တွေကို စစ်ကောင်စီဘက်က ဒေသခံပုံစံတွေနဲ့ လိုက်လံစုံစမ်းနေတာကြောင့် မတ်လ ၈ ရက်နေ့ကစပြီး ပဲခူးရိုးမကို ဖြတ်သန်းခွင့်မပြုတော့ဘူးလို့ တောင်ငူခရိုင် PDF အဖွဲ့က အများပြည်သူသို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသခံတွေပုံစံအသွင်ယူပြီး PDF တွေနဲ့ PDF အခြေစိုက်စခန်းတွေကို လိုက်လံစုံစမ်းနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ဒလန်တွေကို နှိမ်နင်းတော့မှာဖြစ်လို့ သာမန်ပြည်သူတွေ အထိအခိုက်မဖြစ်စေဖို့အတွက် အခုလို အမိန့်ထုတ်ပြန်လိုက်ရတာလို့ တပ်ရင်းအမှတ် ၃၅၀၁၊ ဘုရင့်နောင်တပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ ၄ ရက်က ပဲခူးရိုးမပေါ် တောင်ငူမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ ဝက်ခေါက်စိန်ကျေးရွာ နတ်ရေတွင်းကျေးရွာအနီး ရကိုင်းချောင်းရိုးတလျှောက် ခြေလျင်တပ် အပါအ၀င်၊ စစ်ကား ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား […]

Most Read

2024-09-22 07:59:18