Breaking News >> News >> Democratic Voice of Burma


ချင်းတွင်းမြစ်ကြောင်းပေါ်ရှိ ရွှေမျောလုပ်ငန်းများ ရပ်တန့်ရန် PDF သတိပေး


Link [2022-02-26 15:33:23]



စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြိုနယ်အတွင်းက ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာ ရွှေမျောလုပ်ကိုင်တာတွေကို ရပ်တန့်ကြဖို့ ဖေါင်းပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ  ၂၅ ရက်က သတိပေး ထုတ်ပြန်ခဲ့ပါတယ်။  ဖေါင်းပြင်မြို့နယ်အတွင်းမှာရှိတဲ့ သငါ ၊ ရေအောက်တောင်း ၊ ကွမ်းတော ၊ စစ်သောင်ကျေးရွာတွေ တလျှောက် စစ်‌ကောင်စီနဲ့ ပူးပေါင်းပြီး တရားမဝင်ရွှေမျောလုပ်ငန်းလုပ်ကိုင်နေကြသူတွေကို လုပ်ငန်းရပ်နားထားကြဖို့ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ သတိပေးပြီးနောက် ဆက်လက်လုပ်ကိုင်နေရင် ဖြစ်ပေါ်လာမယ့်အန္တရာယ်အတွက် အာမခံနိုင်မှာ မဟုတ်ဘူးလို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။  အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး တခြားစီးပွားရေးလုပ်ငန်းတွေ အဆင်မပြေကြတော့ ရွှေထွက်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ ရွှေတူးဖော်ရှာဖွေတာတွေ အရင်ကထက်များလာတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။ ရွှေဈေးမြင့်တက်နေပေမဲ့ လောင်စာဆီဈေးကလည်း တက်နေတာကြောင့် တချို့ရွှေမရ‌ဘဲ အဆင်မပြေတဲ့သူတွေရှိတယ်လို့ ရွှေမျောလုပ်ကိုင်နေသူ‌တွေက‌ ပြောပါတယ်။

Most Read

2024-09-22 09:28:33