Breaking News >> News >> Democratic Voice of Burma


တနင်္သာရီမြို့နယ်၌ စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်


Link [2022-02-26 11:21:20]



တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ဘက်မလိုက် ပြောက်ကျားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။  အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အချက် ၃၀ ကျော်ပစ်ခတ်ခဲ့ပေမဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထိခိုက်မှုမရှိခဲ့ဘူးလို့ အဆိုပါအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။  တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က ကျွဲထိန်းကုန်း ကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးသွားပြီး  အရေအတွက်ဘယ်လောက် ဖမ်းဆီးထားတယ်ဆိုတာကိုတော့  အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။  တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့မှာ အခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ ဒေသတွင်း PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံအများအပြားလည်း စစ်ဘေးရှောင်နေကြရပါတယ်။ 

Most Read

2024-09-22 11:45:42