Breaking News >> News >> Democratic Voice of Burma


မြို့သစ်-ကံကြီးကုန်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်လူအင်အားသာလွန်သဖြင့် ရဲဘော်များ ကျဆုံးခဲ့ရဟု ခင်ဦး PDF ပြော


Link [2022-02-20 01:32:49]



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်-ကံကြီးကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အားသာလွန်စွာ  ဗျူဟာတကျ အမြင့်ပိုင်းပစ်ကွင်းကောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ အထိခိုက် အကျဆုံးများခဲ့တာလို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။  ဖေဖော်ဝါရီ ၁၇ ရက်က ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာ၊ မြို့သစ်-ကံကြီးကုန်းတိုက်ပွဲမှာ PDF လူငယ် ၁၄ ယောက် သေဆုံးခဲ့တာပါ။ ဘုရားဝန်းကျင်မှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက တပ်သားအင်အား ၂၀၀ နီးပါးအသုံးပြုခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ရဲ့ ပြောက်ကျားစနစ်ကို စိတ်ရှည်ရှည်နဲ့စောင့်ပြီး ပစ်ခတ်တိုက်ခိုက်တာ ကြောင့် လူအင်အား လက်နက်အင်အားမရှိတဲ့ PDF တွေ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးတပ်တွေကို လက်နက်နဲ့နည်းဗျူဟာ အမြန်ဆုံးထောက်ပံ့ပေးဖို့ ဒေသခံကာကွယ်ရေး တပ်ခေါင်းဆောင်တစ်ယောက်က တိုက်တွန်းပါတယ်။ ခင်ဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦး […]

Most Read

2024-09-22 11:47:19