Breaking News >> News >> Democratic Voice of Burma


တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်


Link [2022-02-18 18:54:42]



တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု အနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တွေ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  ခန့်မှန်းခြေ စစ်ကောင်စီတပ်သား ၅၀ လောက်ပါတဲ့အဖွဲ့ဟာ ဂုံမင်းတောရွာအနီးမှာ မိုင်းဆွဲခံထိပြီးတဲ့နောက် အခုလို တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။  တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို အုန်းပင်ကွင်းရွာဘက်ကနေ ခြေလျင်တက်လာတဲ့ စစ်ကြောင်းတစ်ခုလည်း မိုင်းဆွဲခံရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။  အဲဒီလို တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ပဝရွာ၊ သက်ကယ်ဂျွန်ရွာ၊ ဂုံမင်းတောရွာ၊ ပိန်းတောရွာ၊ သက်ရှည်ရွာ၊ အနောက်သာရဖုံ စတဲ့ ရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

Most Read

2024-09-22 11:54:55