Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များ လှည့်လည်အင်အားပြ


Link [2022-02-15 21:33:36]



မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျေးရွာတရွာမှာ  ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ  လှည့်လည်အင်အားပြခဲ့တယ်လို့  YSTF က ထုတ်ပြန်ပါတယ်။ MSRU၊ ရေး ဘီလူး၊ YSTF တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းမဟာမိတ်စစ်ကြောင်းနဲ့ ချီတက်ခဲ့တာဖြစ်ပြီး ရွာသူ/ရွာသားတွေကို စစ်ကောင်စီရဲ့ ရန်ငြိုးဖွဲ့ဖမ်းဆီးမှုတွေ ဖြစ်လာနိုင်တာကြောင့် မိမိတို့နေထိုင်ရာ အိမ်တွင်းမှ အပြင်မထွက်ပဲ အဝေးမှသာ အားပေးစောင့်မျှော်ကြဖို့  ကြိုတင်အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၃  ရက်ကလည်း မော်လမြိုင်-ရေး- အာရှအဝေးပြေး ကားလမ်းမကြီးပေါ်မှာ  ၁၀၆၊ ၅၈၈ တပ်ရင်းနဲ့  ၃၄၃၊၅၈၇ တပ်ရင်း အကြားရှိ စံပြကျေးရွာဘေး အနီးမှာ ခရီးသွားမိဘပြည်သူတွေနဲ့ တွေ့ဆုံမိတ်ဆက် လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက် အသင့်ရှိနေမည်ဖြစ်ကြောင်း YSTF တပ်ဖွဲ့က ပြသခဲ့ပါတယ်။

Most Read

2024-09-22 14:23:52