Breaking News >> News >> Democratic Voice of Burma


ရှမ်းနှင့် ကယားက PDFတပ်ဖွဲ့များ အထူးဆေးတပ်သားမွမ်းမံသင်တန်းဆင်းပွဲ ကျင်းပ(ဓာတ်ပုံ)


Link [2022-02-15 21:33:36]



ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ အခြေပြုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ အထူးဆေးတပ်သား မွမ်းမံသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပါတယ်။ ရှမ်းပြည်နယ ဖယ်ခုံမြို့နယ်နဲ့ ကယားနယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတွန်းလှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရနေကြတဲ့ အရပ်သားပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ PDF အထူးဆေးတပ်သား မွမ်းမံသင်တန်းကို ပြုလုပ်ရတာဖြစ်ပါတယ်။ PDF အထူးဆေးတပ်သား မွမ်းမံသင်တန်းကို Dove KK အဖွဲ့က ဦးစီးကျင်းပခဲ့ပြီး တပ်ဖွဲ့ပေါင်း ၂၀ က ရဲဘော်/ရဲမေ ၈၀ ကျော် တက်ရောက်ပြီး သင်တန်းဆင်းရဲဘော်တွေကို အရေးပေါ်ဆေးအိတ်တွေ တပ်ဖွဲ့အလိုက် ပေးအပ်ခဲ့ပါတယ်။

Most Read

2024-09-22 14:23:06