Breaking News >> News >> Democratic Voice of Burma


ရေးမြို့နယ်တွင် PDF ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများနှင့် တွေ့ဆုံမိတ်ဆက်


Link [2022-02-13 22:52:58]



မွန်ပြည်နယ်၊ရေးမြို့နယ်၊ စံပြကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်-ထားဝယ် ကားလမ်းမကြီအပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်လောက်က ကျောပိုးအိတ်စခန်း – မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ (MSRU /ရေးဘီးလူး /YSTF) ဒေသ PDF ပူးပေါင်းအဖွဲ့ဟာ ခရီးသွားပြည်သူတွေနဲ့ သွားရောက်တွေ့ဆုံမိတ်ဆက်ခဲ့ကြပါတယ်။ အဲလို ခရီးသွားပြည်သူတွေနဲ့ တွေ့ဆုံမိတ်ဆက်ရာမှာ လက်သုံးချောင်းထောင်ပြီး တော်လှန်ရေးအတွက် အသင့်ရှိကြောင်း ပြသခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေး အစည်းအရုံး MSRU က ထုတ်ပြန်ပါတယ်။ ခရီးသွားပြည်သူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ နေရာဟာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၁၀၆ ၊ ၅၈၈၊ ၃၄၃ နဲ့ ၅၈၇ တပ်ရင်းတွေကြားမှာ တည်ရှိတာ ဖြစ်ပါတယ်။

Most Read

2024-09-22 16:37:30