Breaking News >> News >> Democratic Voice of Burma


ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်


Link [2022-02-08 21:54:17]



စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြိုနယ်၊ ဇီးဖြူကုန်းကျေးရွာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက်အစောပိုင်း ၃ နာရီလောက်က စစ်ကောင်စီနဲ့ ပျူးစောထီးပူးပေါင်းအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ဖြစ်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီကျေးရွာမှာ စစ်ကောင်စီတပ်က ပျူစောထီးတွေကို သင်တန်းပေးတာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။ Royal Eagle အဖွဲ့ရဲ့တာဝန်ရှိသူက “ဖြစ်တာက ၃ နာရီက စတင်ဖြစ်တာဗျ။ လက်နက်ကြီးနဲ့ ကျနော်တို့ဝင်ပစ်တယ်။ ညတိုက်ပွဲဆိုတော့ စခ ဘက်က အကျဆုံးကတော့ အတိအကျမပြောနိုင်ဘူးဗျ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်း ၂ နာရီလောက်ကလည်း လှော်ကားကျေးရွာကို ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ပြီး နေအိမ်ဘယ်နှလုံး မီးလောင်ဆုံးရှုံးတယ်ဆိုတာကိုတော့ အတိကျမသိရသေးပါဘူး။ […]

Most Read

2024-09-22 20:43:49