Breaking News >> News >> Democratic Voice of Burma


PDF အကာအကွယ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကနီလူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံ)


Link [2022-02-04 20:34:30]



စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲကို ဖေဖော်ရီ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပြီး  မြို့နယ်ကာကွယ်ရေးတပ်တွေက လာရောက်အကာအကွယ်ယူပေးခဲ့ပြီး  အားဖြည့်ခဲ့ပါတယ်။  မုံရွာပင်မသပိတ်မှ မချောစုစံ၊ အနောက်မြောက်လွင်ပြင်သပိတ်ဦးဆောင်သူနဲ့ မန္တလေး သပိတ်တက်ကြွလှုပ်ရှားသူတို့လည်း ပူးပေါင်းဝန်းရံကာ လူထုကိုဟောပြောခဲ့ပါတယ်။ အနောက်မြောက်လွင်ပြင်ဒေသသပိတ်ဦးဆောင်သူက “မိဘပြည်သူများ သွေးအေးသွားပြီလား၊ ကနီမြို့နယ်ကိုကြည့်ပါ။ ကနီသား/သူတွေရဲ့ ညီညွတ်မှုကတော့ ကျနော့်ကို ရှေ့ဆက်ဖို့ ခွန်အားတွေ အများကြီး ပေးလိုက်သလိုပါပဲ။ စစ်(-) သင်္ချိုင်း၊ စစ်ကိုင်းတိုင်း” လို့ ပြောပါတယ်။ ကနီမြို့နယ်ဟာ အင်အားကောင်းသပိတ်များ ဖော်ဆောင်နိုင်တဲ့ နယ်မြေတစ်ခုဖြစ်သလို၊ သပိတ်တရားပွဲတွေလည်း နေ့တိုင်းရှိနေပြီး ဒီနေ့သပိတ်ကိုလည်း ရွာသားအင်အား အများအပြား ပါဝင်ခဲ့တယ်လို့ သိရပါတယ်။  ဒီလို အင်အားကောင်းသပိတ်တွေကြောင့် စစ်ကောင်စီကရွာတွေကိုမီးရှို့ပြီး အပြစ်မဲ့ပြည်သူတွေကို အရှိန်မြှင့်သတ်ဖြတ်တာတွေ လုပ်ဆောင်နေပေမဲ့ ပြည်သူတွေကတော့ ကြောက်ရွံ့မသွားဘဲ နာကြည်းချက်တွေနဲ့ ဆက်လက်တိုက်ပွဲနေကြဆဲပါ။

Most Read

2024-09-23 00:37:11