Breaking News >> News >> Democratic Voice of Burma


ဒီးမော့ဆိုမြို့နယ်တွင် PDF ဆေးရုံဖွင့်လှစ်


Link [2022-01-24 19:48:26]



ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ပြည်သူလူထုကို ကျန်းမာရးစောင့်ရှောက်မှုပေးနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) လှုပ်ရှားနယ်မြေမှာရှိတဲ့ ကျေးရွာတရွာမှာ CANAAN (ခါနာန်) လို့ အမည်ပေးထားတဲ့ ဆေးရုံကို ဇန်နဝါရီ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးရုံတာဝန်ခံတစ်ဦးက “ကျနော်တို့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်။ ဒီတော့ ပြည်သူလူထုတွေဟာ စစ်ဘေးရှောင်နေကြရလို့ ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူး ဖြစ်နေတယ်။ ဒီတော့ ပြည်သူတို့တွေ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိထိရောက်ရောက်ပေးနိုင်ဖို့ ခါနာန်ဆေးရုံးကို ဖွင့်လှစ်ရတာပါ”လို့ ပြောပါတယ်။ ကယားပြည်နယ်ကို စစ်ကောင်စီတပ်က ကြည်းတပ်၊ လေတပ်၊ အမြောက်တပ်၊ တင့်ကားတပ်တွေသုံးကာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် မြို့တော်လွိုင်ကော်အပါအဝင် ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်အတွင်းမှာ ခုခံကာကွယ်ရေး ပြည်သူ့တပ်တွေနဲ့  တိုက်ပွဲဖြစ်ပွားနေပါတယ်။  တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ […]

Most Read

2024-09-23 08:26:47