Breaking News >> News >> Democratic Voice of Burma


ချင်းတွင်းမြစ်အတွင်း စစ်ရေယာဉ်အုပ်စုကို PDF က ပစ်ခတ်တိုက်ခိုက်


Link [2022-01-22 18:51:06]



စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံ-မင်းဒေါင့်ဆိပ်ကမ်းကနေ ဇန်နဝါရီ ၂၂ ရက် မနက်က ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ရေယာဉ်တွေကို  နေရာစုံကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူကာကွယ်ရေးအဖွဲ့ထံက  သိရပါတယ်။ အဆိုပါ စစ်ကောင်စီမော်တော်အုပ်စုမှာ  ကုန်တင်ရေယာဉ် ၆ စီးနဲ့ လူစီးအမြန်ရေယာဥ် ၂ စီးတို့ ပါဝင်ပြီး စုစုပေါင်း ၈ စီးရှိတယ်လို့ သိရပါတယ်။ အဲဒီ စစ်ရေယာဥ်အုပ်စုကို ဒေသခံ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ချင်းတွင်းမြစ်ကမ်းဘေးအရှေ့ဘက်၊ အနောက်ဘက်ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ကနီမြို့နယ်ဒေသခံပကဖအဖွဲ့နဲ့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး နောက်ထပ်တစ်နေရာကနေ ထပ်မံ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဖလက်ခွန်တစ်စီး မီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ရေယာဉ် အုပ်စုကလည်း ချင်းတွင်းမြစ်ကမ်းဝဲယာရှိ ကျေးရွာတွေကို  တရစပ် လက်နက်ကြီးငယ်တွေနဲ့ […]

Most Read

2024-09-23 08:32:01