Breaking News >> News >> Democratic Voice of Burma


ONE Championship မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲတွင် အောင်လအန်ဆန် ရှုံးနိမ့်


Link [2022-02-26 11:21:20]



စင်ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၂၅ ရက် ဒီကနေ့ညကျင်းပတဲ့ ONE Championship ရဲ့ Full Circle မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်က   အောင်လအန်ဆန်ကို အမှတ်နဲ့ အနိုင်ရသွားပါတယ်။  ဒီပြိုင်ပွဲမှာ ၃ ချီအပြည့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး ဘယ်သူကမှ  အလဲထိုးနိုင်ခြင်းမရှိဘဲ  ဒိုင် အဆုံးအဖြတ်နဲ့  ဘစ်ဒက်ရှ်က အနိုင်ရသွားတာဖြစ်ပါတယ်။ အောင်လအန်ဆန်းက “ဒီနေ့ပွဲအတွက် ကျွန်တော် အကောင်းဆုံးပြင်ဆင်ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့်ကျွန်တော် ကြိုးစားခဲ့သလို မဖြစ်ခဲ့တဲ့အတွက် ပရိသတ်များကို စိတ်မကောင်းဖြစ်စေခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ နောက်များအတွက် ကျွန်တော်အကောင်းဆုံးကြိုးစား ပြင်ဆင်သွားပါမယ်လို့ ကတိပေးရင်း ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားများအတွက် အမြဲဆုတောင်းပေးလျက် ပါခင်ဗျာ” လို့ ပွဲအပြီးသူ့ရဲ့လူမှုကွန်ရက်ကနေ ပြောကြားထားပါတယ်။ ဒီပြိုင်ပွဲဟာ အောင်လအန်ဆန်နဲ့ ဗစ်တာလီဘစ်ဒက်ရှ်တို့ တတိယအကြိမ်ရင်ဆိုင်ထိုးသတ်ကြတဲ့ပွဲဖြစ်ပြီး  ပြီးခဲ့တဲ့ […]

Most Read

2024-09-22 09:29:15