Breaking News >> News >> Democratic Voice of Burma


NUG ထံမှ လက်နက်အထောက်အပံ့ ပိုမိုရရှိရန် မျှော်လင့်ကြောင်း YDF တာဝန်ရှိသူပြော


Link [2022-05-27 14:17:53]



အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီက လက်နက်အထောက်အပံ့တွေပိုရဖို့ မျှော်လင့်တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူက ပြောပါတယ်။  မကွေးတိုင်း၊ ယောဒေသ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တွေမှာ အတိုင်းအတာတခုအထိ နယ်မြေလွှမ်းမိုးထားနိုင်တဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ရဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို မေ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။  လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီက အထောက်အပံ့တွေ မရခဲ့သလို ချိတ်ဆက်နိုင်မှုအားနည်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ လက်နက်အထောက်အပံ့တချို့ ရရှိထားပြီလို့ YDF ခေါင်းဆောင် ကိုမြတ်သူက ပြောပါတယ်။  YDF အနေနဲ့ နိုင်ငံတကာစစ်စည်းကမ်းတွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့အညီ ရှေ့ဆက်သွားမှာဖြစ်ပြီး NUG ဆီက လက်နက်အထောက်အပံ့တွေ ပိုရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF) ခေါင်းဆောင် […]

Most Read

2024-09-20 07:29:51