Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူလုပ်မှုများ တရားမဝင်ဟု NUG ကြေညာ


Link [2022-06-01 20:56:01]



အကြမ်းဖက်စစ်ကောင်စီနဲ့  ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုတွေဟာ တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှုရရှိမှာ မဟုတ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၁ ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။  အခုသီတင်းပတ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို နေပြည်တော်မှာ ဖိတ်ခေါ်ပြီး တဖွဲ့ချင်းတွေ့ဆုံ ငြိမ်းချမ်းရေးဆွေးနေချိန်မှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခုလိုထုတ်ပြန်လိုက်တာပါ။  အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မူလပိုင်ရှင် ပြည်သူလူထုထံမှ မတရားသဖြင့် လုယူဖို့  ကြိုးစားနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တယ်၊  အကြမ်းဖက်စစ်ကောင်စီဟာ   သူတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့အတွက် ကမ္ဘာ့တရားခွင်မှာ ပြစ်ဒဏ်ချမှတ်ခံရမယ့် အဖွဲ့အစည်းလည်းဖြစ်သလို ပြည်သူ့အာဏာအပ်နှင်းထားတဲ့ တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိတဲ့အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်တဲ့ […]

Most Read

2024-09-19 19:06:13