Breaking News >> News >> Democratic Voice of Burma


ရန်ကုန်မြို့လယ် ဘတ်စ်ကားမှတ်တိုင်ဗုံးခွဲမှု NUG နှင့် တော်လှန်ရေးအဖွဲ့များ ကန့်ကွက်ရှုတ်ချ


Link [2022-05-31 20:19:43]



အရပ်သားပြည်သူတွေကို  ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးဌာနတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက  ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။ ရန်ကုန်မြို့ ၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာမှာ မေ ၃၁ ရက် ညနေက အင်းအားပြင်းတဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အရပ်သားပြည်သူ ၇ ယောက်ထက်မနည်း  ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာလိုက်တာပါ။ အဆိုပါ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီ ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန်ကြေညာတာ မရှိသေးသလို စစ်ကောင်စီကလည်း တုံ့ပြန်တာမရှိသေးပါဘူး။  NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့  လူမျိုးပေါင်းစုံ ပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရေးနဲ့ ပြည်သူလူထုလုံခြုံရေးကို ရည်မှန်းချက်တခုအဖြစ် ထည့်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေရာမှာ အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ သမိုင်းကြောင်းတလျောက် […]

Most Read

2024-09-19 16:27:43