Breaking News >> News >> Democratic Voice of Burma


ပြည်ပအလုပ်အကိုင်အေဂျင်စီများ စစ်ကောင်စီထံ လိုင်စင်သက်တမ်းမတိုးရန် NUG တိုက်တွန်း


Link [2022-04-26 16:34:03]



ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီတွေကို စစ်ကောင်စီထံ လိုင်စင် သက်တမ်းမတိုးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  အသိပေး ထုတ်ပြန်ထားပါတယ်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီတွေ အနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းလိုင်စင်ကို NUG အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်လျှောက်ထားကြဖို့နဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ အေဂျင်စီတွေရဲ့ အမည်နဲ့ အချက်အလက်တွေကိုလည်း လုံခြုံရေးအခြေအနေအရ လျှို့ဝှက်ပေးထားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုပ်ငန်းလိုင်စင်အတွက် မှတ်ပုံတင်လျှောက်ထားလိုသူတွေအနေနဲ့ https://mol.nugmyanmar.org/forms/  ကနေအွန်လိုင်းမှတဆင့် လျှောက်ထားနိုင်တယ်လို့ NUG ကဆိုပါတယ်။    ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ထံမှ တစုံတရာ ညွှန်ကြားချက် မထွက်လာသေးဘူးလို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းရှင် တချို့က ပြောပါတယ်။ MOEAF အသင်းသားတဦးဖြစ်တဲ့ လုပ်ငန်းရှင်တဦးက “ဒါနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို သဘောထားရှိလဲဆိုတာကို […]

Most Read

2024-09-20 12:42:45