Breaking News >> News >> Democratic Voice of Burma


နိုင်ငံတော်လုံခြုံရေးအတွက် NUG က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန စတင်ဖွဲ့ စည်း


Link [2022-04-26 09:21:03]



နိုင်ငံတော်လုံခြုံရေးတည်ဆောက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ဒီကနေ့ ဧပြီ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ NUG အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အတည်ပြုထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် အထောက်အပံ့တွေ ပြုနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအာဏာ သက်ရောက်ခြင်းဖြင့် နိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ၊ ဖက်ဆစ်လုပ်ရပ်တွေ၊ အကြမ်းဖက်မှုတွေကို ကာကွယ်ကာ ပြည်သူလူထုရဲ့ လူမှုဘဝလုံခြုံမှုနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ရှိစေသော နိုင်ငံတော်လုံခြုံရေးကို တည်ဆောက်နိုင်ဖို့ “အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာန” ကို ဖွဲ့စည်းလိုက်တာလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲနိုင်မှုအနေအထားမှ စိုးမိုးထိန်းချုပ်နိုင်တဲ့ ဒေသတွေမှာ အမျိုးသားညီညွတ်‌ရေးအစိုးရအနေနဲ့ […]

Most Read

2024-09-20 14:33:57