Breaking News >> News >> Democratic Voice of Burma


တော်လှန်သင်္ကြန် သံချပ်အဖွဲ့များအား NUG က နှစ်သစ်ကူး ဂုဏ်ပြုငွေချီးမြှင့်


Link [2022-04-20 11:33:09]



မြန်မာ့ရိုးရာ အတာသင်္ကြန်မှာ အကြမ်းဖက်စစ်ကောင်စီ ကြိုးဆွဲရာ မပါဝင်ကြဘဲ အွန်လိုင်းပေါ်ကတဆင့် သံချပ်တွေထိုးကာ ခေတ်သရုပ်ကို ပီပြင်ထင်ရှားစေတဲ့ စာသားတွေ ရွတ်ဆိုကာ ဆင်နွှဲခဲ့ကြတဲ့ တော်လှန်သံချပ်အဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နှစ်သစ်ကူး ဂုဏ်ပြုငွေတွေ ချီးမြှင့်လိုက်ပါတယ်။ နှစ်စဉ်ရိုးရာမပျက် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နဲ့ အခု ၂၀၂၂ ခုနှစ်တွေမှာ ပြည်သူတရပ်လုံးက ပါဝင်ဆင်နွှဲခြင်း မပြုလုပ်ကြဘဲ တော်လှန်သင်္ကြန်အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ သံချပ်တွေက တော်လှန်ရေးရဲ့ သရုပ်သကန်၊ သင်္ကြန်သံချပ်တို့ရဲ့ အနှစ်သာရတို့ကို ပေါ်လွင်စေပြီး ပြည်သူလူထုကို စိတ်အားတက်ကြွစေရုံသာမက ဘဝအမောပြေစေမယ့် ရသတို့ကိုလည်း ပေးစွမ်းနိုင်ခဲ့တာကို တွေ့မြင်ခံစားရတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ […]

Most Read

2024-09-20 19:34:07