Breaking News >> News >> Democratic Voice of Burma


တော်လှန်ရေးအသုံးစရိတ်အတွက် ငွေတိုက်စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ဖိုး ရရှိဟု NUG ပြော


Link [2022-04-17 01:53:03]



စစ်အာဏာရှင်တော်လှန်ရေးအတွက် လိုအပ်တဲ့ စက်လက်နက်ပစ္စည်းတွေနဲ့ တော်လှန်ရေး အသုံးစရိတ်အတွက် ငွေတိုက်စာချုပ်ပေါင်းတန်ဖိုး  အမေရိကန်ဒေါ်လာ ၃၃  သန်းကျော်အထိရရှိထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်းတစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၁၆ ရက်ဒီကနေ့ အွန်လိုင်းကနေ ကျင်းပရာမှာပြောကြားခဲ့တာဖြစ်ပြီး အဲဒီငွေကြေးတွေကို လူထုလိုအပ်ဆုံးနေရာမှာ အများဆုံးအသုံးပြုနေတယ်လို့လည်းဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေက မြန်မာနိုင်ငံရဲ့ နယ်မြေ တစ်ဝက်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သလို မကြာခင်မှာ ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလည်းတိုက်ခိုက်တော့မှာဖြစ်တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေးအဖွဲ့ဝင် ဦးနေဘုန်းလတ်ကလည်းပြောပါတယ်။ ထိန်းချုပ်ထားတဲ့နယ်မြေတွေနဲ့ မြို့အမည်တွေကို လုံခြုံရေးအခြေအနေအရ လက်ရှိထုတ်ပြန်ပြောဆို နိုင်ခြင်းမရှိသေးပေမဲ့ မကြာခင်ပြည်သူတွေကို အသိပေး ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တစ်နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ရာဂဏန်းနီးပါးအထိ ဖွဲ့စည်းထားပြီး တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ […]

Most Read

2024-09-20 21:39:38