Breaking News >> News >> Democratic Voice of Burma


လက်ရှိ မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်ပြန်ရေးဆွဲမည်ဟု NUG ဝန်ကြီးပြော


Link [2022-04-05 18:33:59]



လက်ရှိ မြန်မာနိုင်ငံသားဥပဒေကို ပယ်ဖျက်ပြီး၊ အသစ်ပြန်လည်ရေးဆွဲ သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားလိုက်ပါတယ်။ လတ်တလောမှာ NUG ဝန်ကြီးတွေအပါအဝင်  ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်သူ ထင်ရှားကျော်ကြားသူတွေကို စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရုပ်သိမ်းနေတာနဲ့ ပတ်သက်ပြီး ဧပြီ ၄ ရက်က ထုတ်ပြန်ပြောကြားလိုက်တာပါ။  အကြမ်းဖက်စစ်အုပ်စုက NUG အစိုးရ အဖွဲ့ဝင်တွေနဲ့ ထင်ရှားကျော်ကြားတဲ့ မြန်မာ့ဒီမိုကရေစီ ဘက်တော်သားတွေကို ခြိမ်းခြောက်ဖို့ မြန်မာနိုင်ငံသားဥပဒေကို အလွဲသုံးစားပြုတဲ့အပေါ် ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ စစ်အုပ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်တဲ့ NUG အစိုးရနဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ထင်ရှားကျော်ကြားတဲ့ ဝန်းရံသူတွေကို ခုလိုမျိုး ယုတ်ညံ့စွာ ဒဏ်ခတ်အရေးယူတာဟာ နိုင်ငံတကာ ဥပဒေတွေအရသော်လည်းကောင်း မြန်မာနိုင်ငံသား ဥပဒေအရသော်လည်းကောင်း အကျုံးမဝင်ဘူးလို့ ဖော်ပြပါတယ်။ “ကျွန်တော်နှင့် […]

Most Read

2024-09-21 08:59:37