Breaking News >> News >> Democratic Voice of Burma


တက္ကသိုလ်ဝင်စာမေးပွဲမဖြေဘဲ သပိတ်မှောက်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၇ သိန်းကျော်ကို NUG ဝန်ကြီး ဂုဏ်ပြု


Link [2022-04-03 00:34:05]



စစ်ကောင်စီကစီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုပဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသူကျောင်းသား ၇ သိန်းကျော်ကို သမိုင်းတွင်မယ့်ကျောင်းသားတွေအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ အသိအမှတ်ပြု၊ အလေးပြု၊ ဂုဏ်ပြုလိုက်တယ်လို့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။   စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်လည်ကျင်းပတဲ့  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ ကျောင်းသား ၃ သိန်းကျော် စာရင်းပေးခဲ့ပေမယ့် နှစ်သိန်းရှစ်သောင်းကျော်သာ ဝင်ရောက်ဖြေဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ၁၀ သိန်းနီးပါးအထိ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းခဲ့တာပါ။ အခုစစ်ကောင်စီက စီစဉ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ ကျောင်းသား ကျောင်းသူအများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့အတွက် ဖြေဆိုသူအရေအတွက်ဟာ အရင်နှစ်တွေနဲ့ ယှဉ်ရင် သုံးပုံတပုံလောက်သာရှိတာဖြစ်ပါတယ်။ အခုလို […]

Most Read

2024-09-21 10:28:39