Breaking News >> News >> Democratic Voice of Burma


ပြည်သူ့ရင်ခွင်ခိုလှုံလာသူ သားကောင်းများကို NUG ကာကွယ်ရေးဝန်ကြီးဌာန ကြိုဆို


Link [2022-04-02 12:58:50]



အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ “တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ အစစအရာရာကိုစွန့်လွှတ်ပြီး တရားတဲ့ဘက်မှာရပ်တည်ခိုဝင်လာကြတဲ့ ပြည်သူ့သားကောင်းများရဲ့ အင်အားကလည်း အရေးအကြီးဆုံးအင်အားတစ်ရပ် ဖြစ်လာပါတယ်။ လူတစ်စု အာဏာတည်မြဲဖို့အတွက် စစ်ကောင်စီရဲ့ အသုံးချခံအနေနဲ့ ဆက်လက်မရပ်နိုင်တော့တဲ့ ပြည်သူ့စစ်သားကောင်းတွေက မိမိတတ်သိကျွမ်းကျင်ထားတဲ့ ဥာဏ်ပညာ ၊ ရဲရင့်မှုတွေကို မှန်ကန်တဲ့ ပြည်သူ့ဘက်မှရပ်တည်ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ကို ထမ်းပိုးဆောင်ရွက်နေကြပါတယ်။” နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။ လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ […]

Most Read

2024-09-21 13:03:05