Breaking News >> News >> Democratic Voice of Burma


ကရင်နီပြည် စစ်မက်များ ပြီးမြောက်အောင်မြင်စေရန် NUG ဆုတောင်းသဝဏ်လွှာပို့


Link [2022-04-01 12:53:15]



ကရင်နီပြည်နယ်မှာ စစ်မက်တွေ အောင်မြင်ပြီးမြောက်ကာ ဘေးလွတ်လုံခြုံမှုတွေ လျင်မြန်စွာရရှိ နိုင်စေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဆုတောင်းသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဧပြီ ၁ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ကရင်နီလူမျိုးတွေအပါအဝင် ပြည်ထောင်စုမြန်မာနိုင်ငံ သူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာလုံခြုံကြပါစေကြောင်းလည်း ဆုမွန်ကောင်း တောင်းပေးထားတာပါ။ ကရင်နီလူမျိုးတွေဟာ ခရစ်တော်မပေါ်မီ ဘီစီ ၇၃၉ ခုနှစ်မှာ ဒီကနေ့ခေတ် မွန်ဂိုလီးယားနိုင်ငံ၊ ဂိုဘီ သဲကန္တာရလို့ ခေါ်တွင်ရာနေရာဒေသကနေ တောင်ဘက် ရေကြည်ရာ မြက်နုရာအရပ်ဒေသဆီ တဖြေးဖြေး ရွှေ့ပြောင်းလာခဲ့ပြီး၊လက်ရှိ ကရင်နီပြည်၊ ဒီးမောဆိုဒေသဆီရောက်ရှိလာကာ ကရင်နီပြည်ကိုတည်ထောင် နေထိုင်ခဲ့ကြတယ်လို့ ယုံကြည်ကြပြီး မူလနေထိုင်ရာ ဂိုဘီသဲကန္တာရက စတင်ထွက်ခွာလာခဲ့တဲ့နှစ်ကို အစွဲပြုရေတွက်တဲ့ ကရင်နီသက္ကရာဇ်ဟာ ၂၇၆၁ ခုနှစ်မြောက်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ […]

Most Read

2024-09-21 12:58:07