Breaking News >> News >> Democratic Voice of Burma


NUG အစိုးရက ရက္ခိုင့်တပ်တော် (အေအေ)ကို အလွတ်သဘောတွေ့ဆုံခွင့်တောင်း


Link [2022-03-26 23:01:14]



အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ဖို့အတွက်  ရက္ခိုင့်တပ်တော် (အေအေ)ကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မဟာမိတ်ဆက်ဆံရေး ကော်မတီက မတ်လ ၂၄ ရက်က အလွတ်သဘော တွေ့ဆုံခွင့်တောင်းခဲ့ပါတယ်။ ပိုမိုချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးနဲ့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးကနေ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ။ မိတ်ဖက်နိုင်ငံရေးအဖွဲ့အစည်း အင်အားစုတွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး အာဏာရှင်စနစ်အပြီးတိုင် ဖျက်သိမ်းရေးနဲ့  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေကို ကြိုးပမ်းဆောင်ရွက်ဖို့အတွက် များစွာ ဆန္ဒပြင်းပြနေတယ်လို့  အေအေအဖွဲ့ထံ စာရေးသားပေးပို့ခဲ့ပါတယ်။ NUG ရဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားချက်ကို ရက္ခိုင့်တပ်တော်ဘက်က အခုချိန်ထိ အကြောင်းပြန်ကြားလာခြင်းမရှိသေးဘူလို့ မဟာမိတ်ဆက်ဆံရေး ကော်မတီခေါင်းဆောင် NUG နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။ အဲဒီမဟာမိတ်ဆက်ဆံရေးကော်မတီကို အမျိုးသားညီညွတ်ရေးအစိုးရ လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့  ၂၀၂၂ ခုနှစ် ဇန်နဝါရီ  […]

Most Read

2024-09-21 17:14:43