Breaking News >> News >> Democratic Voice of Burma


NUG က ၁ လအတွင်း လူသားချင်းစာနာမှုအကူအညီ ၁၈၆ သန်းကျော် ထောက်ပံ့


Link [2022-03-17 11:13:32]



အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ကျပ် ၁၈၆ ဒသမ ၅၅ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ NUG အစိုးရအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာ ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက် ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူတွေကို မိတ်ဖက်အသီးသီးနဲ့ လက်တွဲချိတ်ဆက်ကာ အတက်နိုင်ဆုံး ပံ့ပိုးကူညီပေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း ထောက်ပံ့မှုမှာတော့ စစ်ကိုင်းတိုင်း၊ ကရင်နဲ့ ကရင်နီ(ကယား)ပြည်နယ် ၃ ခုကို ထောက်ပံ့မှု အများဆုံးပြုလုပ်ခဲ့ပြီး ယာယီစစ်ဘေးရှောင်စခန်းတွေက လူဦးရေ ၁ သိန်းကျော်ကို ထောက်ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ စစ်ဘေးရှောင်တွေကို […]

Most Read

2024-09-22 00:34:05