Breaking News >> News >> Democratic Voice of Burma


နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ် ၆၁၀၀၀ ကျော် ရောင်းချနိုင်ဟု NUG ပြော


Link [2022-03-05 19:01:23]



လက်ရှိအချိန်ထိ နွေဦးတော်လှန်ရေး ငွေတိုက်စာချုပ်စောင်ရေ ၆၁,၀၇၄ စောင် ရောင်းချ နိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ပြောပါတယ်။ “ဘွန်းဝယ်ယူကြသူတွေထဲမှာ USD သိန်းနဲ့ သန်းနဲ့ချီပြီး ဝယ်သူတွေပါဝင်သလို USD ၁၀၀ တန်ဘွန်းကို ၃ လအထိ ဖြည်းဖြည်းချင်းစုပြီး ဝယ်တဲ့သူတွေလည်းပါပါတယ်။ မိမိနိုင်တဲ့ ပမာဏအလိုက် ဘွန်းတန်ဖိုး အသီးသီးဝယ်ယူပြီး တော်လှန်ရေးအတွက် ပါဝင်အားဖြည့် ပေးကြသူ တစ်ဦးချင်းတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်။ တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ ပိုမိုထိခိုက်ကြရတဲ့ ပြည်သူအများကို ကာကွယ်စောင့်ရှောက်ဖို့၊ စစ်အာဏာရှင်စနစ်ဆိုးကို ရွပ်ရွပ်ချွံချွံ တွန်းလှန် နေကြတဲ့ တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ဖို့ မိမိတို့ရဲ့ ချွေးနည်းစာတွေကို ခက်ခဲမှုများကြားထဲကနေ တာဝန်သိစိတ်နဲ့ ဘွန်းဝယ်ယူပေးကြသူတွေဖြစ်သလို ကိုယ်ထူ ကိုယ်ထ ရဲဘော်ရဲဘက် စိတ်ဓာတ်နဲ့ မိမိတို့ […]

Most Read

2024-09-22 09:29:51