Breaking News >> News >> Democratic Voice of Burma


တော်လှန်ရေးကာလ တာဝန်သိပြည်သူများ အခွန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း NUG ထုတ်ပြန်


Link [2022-02-16 08:59:42]



နွေဦးတော်လှန်ရေးကာလ တာဝန်သိပြည်သူတွေအနေနဲ့ အခွန်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အခွန်ထမ်းပြည်သူတွေ အခွန်ထမ်းဆောင်နိုင်ဖို့ ပုံစံ(က) လျှောက်လွှာတွေ ဖေဖော်ဝါရီ ၁၅ ရက်က စတင်ကာ ပြန်လည်ရယူနိုင်ပြီး နိုင်ငံကြီးသားပီသစွာ အခွန်ထမ်းဆောင်နိုင်ကြပြီလို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလ တာဝန်ကျေပွန်တဲ့ အခွန်ထမ်းပြည်သူတွေကိုလည်း ပြည်တွင်းအခွန်များဦးစီးဌာနက အထူးပင်ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတရပ်လုံးက လက်မခံဘဲ ခုခံတော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်အုပ်စုဆီ လျှပ်စစ် မီတာခွန်၊ ရေခွန်၊ မြေခွန်၊ လုပ်ငန်းခွန်စတဲ့ အခွန်မဆောင်ရေးလှုပ်ရှားမှုတွေ၊ သွေးစွန်းငွေ ကြေးစီးဆင်းမှု ဖြတ်တောက်ရေးလှုပ်ရှားမှုတွေကိုပါ အရှိန်အဟုန်နဲ့ ဆက်လက်လုပ် ဆောင်နေကြတာပါ။

Most Read

2024-09-22 14:28:16