Breaking News >> News >> Democratic Voice of Burma


ပင်လုံ ၇၅ နှစ်ပြည့်အထိမ်းအမှတ် NUG က အခွန်တံဆိပ်ခေါင်း ၅ မျိုး ထုတ်မည်


Link [2022-02-12 23:32:53]



ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အခွန်တံဆိပ်ခေါင်းတွေ ထုတ်ဝေသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ တံဆိပ်ခေါင်းတွေကို ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နဲ့ ၅၀၀၀၀ ကျပ်တန် ဆိုပြီး ၅ မျိုးစတင် ထုတ် ဝေရောင်းချပေးမယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့သက်ဆိုင်တဲ့ တံဆိပ်ခေါင်းခွန်ထိုက်သင့်တဲ့ စာ ချုပ်စာတမ်းတစ်ခုခုကို ချုပ်ဆိုသူ ဘယ်သူမဆို စာချုပ်မချုပ်ဆိုမီ ဒါမှမဟုတ် စာချုပ် ချုပ်ဆိုချိန်မှာ အဆိုပါတံဆိပ်ခေါင်းတွေကို ကပ်နှိပ်အသုံးပြုသွားရမယ်လို့ ဆိုပါတယ်။ အခွန်တံဆိပ်ခေါင်းတွေကို ဝယ်ယူလိုတယ်ဆိုရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://ird.nug-mm.net […]

Most Read

2024-09-22 18:28:13