Breaking News >> News >> Democratic Voice of Burma


မင်းကင်းမြို့နယ်ကို အရေးပေါ်အခြေအနေသတ်မှတ်ပေးပြီး အကူအညီပေးရန် NUG ထံ တောင်းဆို


Link [2022-02-11 19:56:38]



စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မောက်တက်ရွာနဲ့ မုဿာရွာတွေမှာ စစ်ကောင်စီက အိမ်ခြေ ၃၀၀ ကျော်၊ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက်  အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မင်းကင်းမြို့နယ်ကို အရေးပေါ်အခြေအနေသတ်မှတ်ပေးပြီး အကူအညီပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။  မောက်တက်ရွာနဲ့ မုဿာရွာတွေကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းကစပြီး စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ခဲ့တာဖြစ်ပြီး မောက်တက်ရွာမှာ အိမ်ခြေ ၁၂၀ ကျော်၊ မုဿာရွာမှ အိမ်ခြေ ၁၈၀ နီးပါး စုစုပေါင်း အိမ်ခြေ ၃၀၀ ကျော်မီးလောင်ပျက်စီးခဲ့တာပါ။  ဒေသခံတွေဟာ တောတောင်ထဲ ရှောင်ပုန်းနေရပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပါတယ်။ မင်းကင်းမြို့နယ်ထဲမှာ ပျူစောထီးတွေအင်အား ကောင်းနေတဲ့အတွက် ပြည်သူအချင်းချင်းပြန်တိုက်ရတဲ့ အခြေအနေမျိုးလည်း ဖြစ်နေပါတယ်။ မင်းကင်းမြို့နယ်၊ မောက်တက်ရွာခံတစ်ဦးက “မောက်တက်နဲ့ မုဿာရွာတွေမှာ မီးရှို့ခံရတာဗျ။ မောက်တက်ကတော့ တစ်ရွာလုံးလိုလိုပါပဲ။ […]

Most Read

2024-09-22 18:28:13