Breaking News >> News >> Democratic Voice of Burma


NUCC ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကျင်းပ၊ ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အတည်ပြုမည်


Link [2022-01-27 22:54:39]



ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူ့ညီလာခံကြီးကို အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာဖြစ်တယ်လို့င  အမျိုးသားညီညွတ်ရေးအစိုးရ NUG  ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။  အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဦးဆောင်ပြီး ပထမဆုံးကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့မနက် ၉ နာရီက စတင်ပြီး ၃ ရက်ကြာ ကျင်းပနေရာမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ NUG ယာယီသမ္မတ ဒူဝါလရှီးလက “ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ ဖြစ်ပြီးတော့ သမိုင်းမှာလည်း မော်ကွန်းနဲ့ ကျန်ရစ်မယ့် အစည်းအဝေးကြီး ဖြစ်တဲ့အတွက် အခုလို မိန့်ခွန်းပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပြည်သူ့ညီလာခံကြီးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်းယူဖို့ ကြိုးစားတဲ့ တနှစ်ပြည့်လုဆဲဆဲကာလနဲ့ သွားရောက်တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ […]

Most Read

2024-09-23 06:27:50