Breaking News >> News >> Democratic Voice of Burma


ဘားအံမြို့ ၌ NON CDM ဝန်ထမ်းများဖြင့် ဗဟိုမဏ္ဍပ်ဖွင့်၊ မြို့ပေါ်တွင် သင်္ကြန်ရေကစားသူမရှိ


Link [2022-04-14 09:21:01]



ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီက ဖိအားပေးပြုလုပ်တဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စစ်ကောင်စီခန့်ဝန်ကြီးတွေနဲ့ NON-CDM ဝန်ထမ်းတွေပဲ တက်ရောက်ခဲ့ပြီး မြို့ပေါ်လမ်းတွေမှာတော့  ရေကစားသူတောင် မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။ ဗဟိုမဏ္ဍပ်ကို အရင်နှစ်တွေက ကမ်းနားလမ်းမှာ ပြုလုပ်ခဲ့ပေမဲ့ အခုနှစ်မှာတော့  လုံခြုံရေး အခြေအနေအရ ပြည်နယ်နေ့အခမ်းအနားပြုလုပ်ရာ သီရိလမ်း၊ သီရိကွင်း(အစိုးရရုံးအနီး)မှာ ပြုလုပ်ခဲ့တာပါ။ အစိုးရရုံးအဖွဲ့ဝန်ထမ်းတစ်ဦးက “ဒီနှစ်သင်္ကြန်က အဖြစ်ပဲလုပ်တာပါ။ အပေါ်က ဖိအားတွေက များတယ်။ လုံခြုံရေးအခြေအနေကြောင့် သီရိကွင်းမှာ လာလုပ်တာလည်း ဖြစ်မယ်။ ဖွင့်ပွဲတောင် ဝန်ထမ်းတွေနဲ့ ဖွင့်ရတာ။ ဒီအချိန် ဘယ်ပြည်သူမှတက်မှာလည်း မဟုတ်ဘူး။ အကြံအဖန်နဲ့ လုပ်ယူရတဲ့ ပျော်ရွှင်မှုက ဘယ်လို ပျော်ရွှင်မှာလဲ”လို့ ဆိုပါတယ်။ နိုင်ငံအနှံမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့အတူ ဖြစ်ပွားနေတဲ့ […]

Most Read

2024-09-21 03:06:19