Breaking News >> News >> Democratic Voice of Burma


ကချင်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ နေအိမ်နှင့် NLD အမတ်နေအိမ် ချိပ်ပိတ်ခံရ


Link [2022-05-25 20:05:51]



ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်မှာရှိတဲ့ ကချင်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဦးခန်လိန်ရဲ နေအိမ်ကို မေလ ၂၅ ရက် ဒီနေ့ ညနေ ၄ နာရီလောက်မှာ  စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲတွေ အင်အားအလုံးအရင်းနဲ့လာရောက်ပြီး ချိပ်ပိတ်သွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။ “ခုလေးတင် ဦးခန်လိန်ရဲ့ အိမ်မှာ ရဲနဲ့ စစ်သားတွေ အများကြီး နေရာယူထားတယ်။ ခဏအကြာတော့ ချိပ်ပိတ်ကြောင်း ဗီနိုင်းကပ်ပြီး ပြန်ထွက်သွားတယ်” လို့ ဒေသခံကပြောပါတယ်။ ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးခန်လိန်ဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘေးလွတ်ရာကို မိသားစုလိုက် တိမ်းရှောင်ခဲ့တာဖြစ်ပြီး ပူတာအိုခရိုင်မှာ  ပထမဆုံး နေအိမ်ချိပ်ပိတ်ခံရတာ ဖြစ်ပါတယ်။ အလားတူ ဗန်းမော်မြို့၊ နောင်ခိုရပ်၊ ရွှေကျီးနားဘုရားလမ်းမှာရှိတဲ့ အန်အယ်လ်ဒီ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းရဲ့ နေအိမ်ကိုလည်း မေလ […]

Most Read

2024-09-19 17:53:24