Breaking News >> News >> Democratic Voice of Burma


ငပုတော NLD အမတ်ကိုမတွေ့သဖြင့် ဇနီးနှင့် ၁၀ လ ကလေးအပါအဝင် ၆ ဦးအား စစ်ကောင်စီ ဖမ်းဆီး


Link [2022-04-26 11:32:48]



ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဧပြီ ၂၃ ရက်နေ့က NLD ပါတီရဲ့ လွှတ်တော်အမတ်ဖြစ်သူ ဦးသက်ပိုင်စိုးကို မတွေ့တာကြောင့် ဇနီးဖြစ်သူနဲ့ အသက် ၁၀ လအရွယ် ကလေးငယ်အပါအဝင် ၆ ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ငပုတောမြို့နယ်ထဲက ကညင်ချောင်းကျေးရွာမှာ သွားရောက်တိမ်းရှောင်နေတဲ့ ဦးသက်ပိုင်စိုးရဲ့ ဇနီးဖြစ်သူနဲ့ သမီး ၂ ယောက်အပါအဝင် အိမ်နီးနားချင်း ဒေသခံတွေကို စစ်ကောင်စီတပ်သား တွေက ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “ကိုသက်ပိုင်စိုးရဲ့ မိန်းမရော ကလေး ၂ ယောက်ရောဖမ်းတဲ့။ ပြီးတော့ အိမ်ဘေးက ဦးလေးနဲ့ သူ့မိန်းမနဲ့ ကလေးကိုပါ ထပ်ဖမ်းသွားတာ အဆက်သွယ်မရသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေက ဦးသက်ပိုင်စိုးကို မတွေ့တာကြောင့် ရပ်ကွက်ထဲက ဒလန်တယောက်ရဲ့ […]

Most Read

2024-09-20 14:53:39