Breaking News >> News >> Democratic Voice of Burma


ရုရှားတင့်ကားများကို ဖျက်ဆီးရာတွင် နာမည်ကြီးနေသည့် NLAWs နှင့် Javelin ပခုံးထမ်းလောင်ချာ


Link [2022-03-23 10:12:38]



ယူကရိန်းပြည်သူတွေ တင်ပြထားတဲ့ Twitter၊  Telegram၊ Tiktok ဗီဒီယိုတွေမှာ ယူကရိန်းစစ်သည်တွေ လွယ်ပြီးသယ်ဆောင်ထားတဲ့ အစိမ်းရောင် ဘူးရှည်ကြီးတခုကို မကြာမကြာ မြင်တွေ့နေကြရမှာပါ။ ရန်သူ ရုရှားတင့်ကားကို ချုံခိုတိုက်ခိုက်ဖို့ ဘူးရှည်ထဲက လောင်ချာကိုထုတ်ပြီး ပခုံးမှာမှာထမ်း ချိန်ရွယ်ကြပါတယ်။ ၁၅ စက္ကန့်လောက်အချိန်အတွင်း ပြင်ဆင်ပစ်လွှတ်လိုက်တဲ့ ဒုံးလောင်ချာဟာ ရုရှားတင့်ကားကို ထိမှန်ပြီးပျက်စီး ရပ်ဆိုင်းသွားစေပါတယ်။  မိုင်ပေါင်း ၄၀ လောက် ရှည်တယ်ဆိုတဲ့ တန်းစီချီတက်လာတဲ့ ရုရှားတင့်ကားတွေဟာ ယူကရိန်းစစ်သည်တွေရဲ့ ပခုံးထမ်းလောင်ချာတွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲခံနေခဲ့ရပြီး ၂ ရက်လောက်အတွင်း ရုရှားလက်အောက် ကျနိုင်တယ်လို့ စစ်ပညာရှင်တွေ ခန့်မှန်းခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံဟာ ရုရှားတပ်မတော်ကြီးကို ၃ ပတ်ကျော်အောင် အပြင်းအထန် ခုခံနိုင်နေတာကို မြင်တွေ့နေကြရပါတယ်။  အဲဒီအစိမ်းရောင် ပခုံးထမ်းဒုံးလောင်ချာဟာ (Next Generation Light Anti-tank […]

Most Read

2024-09-21 20:03:40