Breaking News >> News >> Democratic Voice of Burma


ထားဝယ်မြို့က စစ်တပ်ပိုင် Mytel အရောင်းပြခန်း ဝင်ရောက်စီးနင်းခံရ


Link [2022-04-22 05:52:43]



တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်၊ အာဇာနည်လမ်းမကြီးပေါ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel အရောင်းပြခန်းကို  ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က ဝင်ရောက်စီးနင်းခံရပြီး ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။ အဲဒီစီးနင်းမှုကို Guerrilla Dawei ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်နှစ်ဦး သာမန်အရပ်သားပုံစံနဲ့ ရုံးအတွင်း ဝင်ရောက်ပြီးမှ စီးနင်းခဲ့တာဖြစ်တယ်လို့ Guerrilla Dawei တပ်ဖွဲ့က ပြောပါတယ်။ ဝင်ရောက်စီးနင်းစဥ် ရုံးအတွင်းက ကွန်ပျူတာနဲ့ CCTV တချို့ကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပေမယ့် ရုံးဝန်ထမ်းတွေကို ပစ်ခတ်တာမျိုးတော့ မလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဝင်ရောက်စီးနင်းမှုအပြီး  ရုံးက Laptop နှစ်လုံးနဲ့ ပိုက်ဆံ ကျပ်ငွေ ၂၃၉၅၂၀၀ တိတိကို သိမ်းယူခဲ့ကာ ဆုတ်ခွာတဲ့အချိန်မှာတော့ ရုံးကောင်တာအနီး […]

Most Read

2024-09-20 17:36:05