Breaking News >> News >> Democratic Voice of Burma


အင်တာနက်နှင့် ဖုန်းလိုင်းများပြန်မဖွင့်ပေးသဖြင့် MPT တာဝါတိုင်ကို ထီးလင်း PDF ဖြိုချ


Link [2022-06-18 13:36:27]



ဆက်သွယ်ရေးကုမ္ပဏီတွေဟာ သတိပေးချက်ကိုလိုက်နာမှုမရှိတဲ့အပြင်  ပြည်သူ့မျက်နှာ မကြည့်ဘဲ စစ်ကောင်စီအလိုကျ ပြည်သူတွေကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အတွက် မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဇွန် ၁၈ ရက်က  MPT တာဝါတိုင်တတိုင်ကို  ဖြိုချဖျက်ဆီးလိုက်တယ်လို့ ထီးလင်း PDF က ပြောပါတယ်။ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ ထီးလင်းနယ်မှာ အင်တာနက်လိုင်း ဖြတ်ခံရတာ ၈ လကျော်ပြီ။ ဒေသခံတွေ အခက်အခဲတွေဖြစ်ကြတယ်။ ငွေလွှဲဝန်ဆောင်မှုတွေရော သတင်းအချက်အလက်တွေမသိကြရတာ။ ‌ဒါကြောင့်မို့ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ အင်တာနက်လိုင်းတွေ ပြန်လည်ဖွင့်ပေးဖို့ သတိပေးခဲ့တယ်။ သူတို့ကလိုက်နာခြင်းမရှိဘူး။ စစ်ကောင်စီ‌တပ်တွေ စစ်ကြောင်းရှိတဲ့ အခါဆိုရင် ဖုန်းလိုင်းတွေဖြတ်တယ်။”လို့ ပြောပါတယ် တောင်းဆိုချက်ကို မလိုက်နာတဲ့ ထီးလင်းမြို့နယ်တွင်းရှိ ကျန်ရှိနေသေးတဲ့ ဆက်သွယ်ရေး တာဝါတိုင်းတွေအားလုံးကို တစ်စစီဖြိုချကာ တော်လှန်ရေးအတွက်အသုံးချသွားမယ်လို့ PDF ထီးလင်းက ပြောပါတယ်။ ထီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက […]

Most Read

2024-09-08 04:04:13