Breaking News >> News >> Democratic Voice of Burma


Monkeypox ရောဂါက စိုးရိမ်စရာ ဖြစ်လာနိုင်သလား


Link [2022-05-27 11:13:57]



လတ်တလော လူမှုကွန်ယက်မှာ အဖုအပိမ့်တွေ ထွက်တဲ့ပုံတွေကို မျှဝေပြီး Monkeypox၊ မျောက်ကျောက်ရောဂါ၊ မျောက်ရေကျောက်ရောဂါ စသဖြင့် မျှဝေထားကြပါတယ်၊၊ အနောက်နိုင်ငံတွေမှာလည်း လူနာတွေ တွေ့နေရပြီဆိုတော့ ကိုဗစ်အလွန် ကပ်ရောဂါက Monkeypox များ ဖြစ်လာမလားဆိုတာကို စိုးရိမ်နေကြပါတယ်၊၊ Monkeypox က ဘယ်လောက်အထိ ပြန့်နေပြီလဲ၊၊ မေလ ၁၃ရက်နေ့ကနေစပြီး Monkeypox တွေ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေက WHOကို အကြောင်းကြားခဲ့ပါတယ်၊၊ စာရင်းတွေအရဆိုရင် ၂၀၂၂ခုနှစ်၊ မေလ ၂၁ရက်နေ့အထိ နိုင်ငံပေါင်း ၁၂နိုင်ငံမှာ တွေ့နေရပါပြီ၊၊ အတည်ပြုထားတဲ့ လူနာပေါင်း ၉၂ယောက်ရှိပြီး သံသယလူနာ ၂၈ယောက် ရှိပါတယ်၊၊ သေဆုံးတဲ့ လူနာတော့ မရှိသေးပါဘူး၊၊ ဒါပေမယ့် WHOကတော့ လူနာနဲ့ ပြန့်နှံ့တဲ့နိုင်ငံက ဒီထက်ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်၊၊ ရောဂါအခြေအနေကိုလည်း အချိန်မီ သတင်းပို့ဖို့ […]

Most Read

2024-09-20 07:23:11