Breaking News >> News >> Democratic Voice of Burma


ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပေါ် သေဒဏ်လက်တွေ့ကျင့်သုံးပါက စစ်ကောင်စီကို လက်တုံ့ပြန်မည်ဟု MDF သတိပေး


Link [2022-06-04 21:50:11]



၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ‌ဦးဖြိုးဇေယျာသော်တို့အပေါ်  စစ်ကောင်စီရဲ့စစ်ခုံရုံးကချမှတ်ထားတဲ့  သေဒဏ်အမိန့်ကို လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defense Force (MDF) က ဇွန်လ ၄ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။ သေဒဏ်ချမှတ်ခံရသူ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ အယူခံကို  ပယ်ချခဲ့ပြီး သေဒဏ်ကို လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်လုပ်ဆောင်ဖို့ အတည်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာပါ။ ဒါနဲ့ပတ်သတ်ပြီး MDF ကာကွယ်ရေးတပ်ဖွဲ့က “ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ပေးတာ စစ်ကိုင်းတိုင်းဘက် PDF တိုင်းစေ့ကြားပြီးပြီ။ တကယ် Action ပါယူခဲ့ရင်တော့ ကျနော်တို့‌ကျင့်သုံးနေတဲ့ ကိုဓဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်။ အပြောမဟုတ်ဘူး စစ်ကိုင်းတိုင်းဘက်က အရင်လက်တွေ့ပြစေချင်တယ်ဆိုလည်း ဖြစ်တယ်။ သိပ်မခက်ခဲလှဘူး” လို့ ထုတ်ပြန်ချက်မှာ […]

Most Read

2024-09-19 19:04:30