Breaking News >> News >> Democratic Voice of Burma


တပ်မတော်သားများ လက်နက်နှင့် ပြည်သူ့ရင်ခွင် ခိုလှုံပါက ဆုငွေချီးမြှင့်မည်ဟု KRF ဖိတ်ခေါ်


Link [2022-03-31 01:54:26]



တပ်မတော်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံပါက ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က မတ် ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် တပ်မတော်သားတွေကို လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ဆုကြေးငွေ ချီးမြှင့်သွားမှာဖြစ်သလို လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေကို ဘေးအန္တရာယ်ကင်းစွာနဲ့ ချိတ်ဆက်ပို့ဆောင်ပေးသွားမယ်လို့ ဆိုထားပါတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် တပ်မတော်သားတွေ လက်နက်ပါရင် လက်နက်ငယ်တလက် ကျပ်သိန်း ၃၀၊ လက်နက်ကြီးတလက် ကျပ်သိန်း ၅၀ အပါအဝင် လက်နက်ကျည်တွေကိုလည်း သတ်မှတ်နှုန်းထားအတိုင်း ချီးမြှင့်ပေးသွားဖို့ စီစဉ်ထားပါတယ်။ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တာဝန်ရှိသူတဦးကတော့ CDM ပြုလုပ်လာတဲ့ တပ်မတော်သား အများစု လက်နက်မပါတာကြောင့် နောက်ပိုင်း CDM ပြုလုပ်မယ့် တပ်မတော်သားတွေ လက်နက်ယူဆောင်လာဖို့ […]

Most Read

2024-09-21 12:30:46