Breaking News >> News >> Democratic Voice of Burma


KPDF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော် စိုင်းသက်ပိုင်ဟိန်း (ခ) လင်းပိုင်၏ ဈာပန (ဓာတ်ပုံ)


Link [2022-04-13 01:02:16]



ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဧပြီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့တဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF)မှ  ရဲဘော် စိုင်းသက်ပိုင်ဟိန်း (ခ) လင်းပိုင်ရဲ့ ဈာပနကို  ဧပြီ ၁၂ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ အဆမတန်သုံးပြီး ကြည်းတပ်အင်းအာအလုံးအရင်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာ ၂ လကျော်ပြီဖြစ်ပေမဲ့  လက်ရှိအချိန်အထိ အပြည့်အဝထိန်းချုပ်နိုင်တာမရှိသေးဘူးပါဘူး။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသေဆုံးတာတွေ များနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေပါတယ်။

Most Read

2024-09-21 03:05:24