Breaking News >> News >> Democratic Voice of Burma


ကျောက်ကြီးမြို့နယ် KNU/PDF အမည်ခံပြီး လူမှုကွန်ရက်တွင် အလှူခံနေမှု KNU ကန့်ကွက်


Link [2022-06-11 14:55:46]



ကျောက်ကြီးမြို့နယ်ရဲ့  လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ KNU/PDF Kyaukkyi/ Bago Page အမည်ခံပြီး ပြည်သူလူထုထံ အလှူခံနေတဲ့အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၁၀ ရက်က ကေအန်ယူက ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါလုပ်ရပ်အတွက် အပြင်းအထန်းကန့်ကွက်ရှုတ်ချကြောင်းနဲ့  ကေအန်ယူအဖွဲ့အစည်းအနေနဲ့ မိမိတို့ရဲ့ မူ ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေအတိုင်း ရပ်တည်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဆိုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကျောက်ကြီးမြို့နယ်ရဲ့ စီမံအုပ်ချုပ်မှုနယ်မြေအတွင်း အဖွဲ့အစည်းတစ်ခုခုက ဘယ်လုပ်ငန်းမဆို ဆောင်ရွက်လိုရင် သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းထံ ခွင့်ပြုချက်ရယူပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ညွှန်ကြားထားပါတယ်။ အဆိုပါလုပ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃၊ ကျောက်ကြီးမြို့နယ်အနေနဲ့ ဆက်လက် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Most Read

2024-09-19 03:21:16