Breaking News >> News >> Democratic Voice of Burma


ကျိုက်ထိုမြို့နယ်ရှိ KNLA နှင့် PDF နေရာများကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကင်းထောက်


Link [2022-04-05 23:53:09]



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ KNLA နဲ့ PDF ခိုအောင်းရာနေရာတွေကို   စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်နဲ့ ကင်းထောက်တာတွေ  အဆက်မပြတ် လုပ်ဆောင်လာ တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က  ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ရဲ့  ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့အတွက် ဧပြီ ၂ ရက်ကစပြီး လေယာဉ်နဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဧပြီ ၄ ရက်နဲ့ ၅ ရက်တွေမှာတော့ စစ်ကောင်စီကင်းထောက်ရဟတ်ယာဉ်ဟာ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်ထက်မနည်း လာရောက်ကင်းထောက်နေသလို အဲလို ကင်းထောက်ရာမှာ လည်း ခပ်နိမ့်နိမ့်ပျံဝဲပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က  အဆက်မပြတ် ကင်းထောက်နေတဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) […]

Most Read

2024-09-21 08:40:04