Breaking News >> News >> Democratic Voice of Burma


သထုံမြို့နယ်ရှိ ဝီယော်တပ်စခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်


Link [2022-06-04 18:46:10]



မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဝီယော်တပ်စခန်းကို ဇွန် ၃ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါတယ်။ ဝီယော်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း(၂) ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအဖွဲ့က လက်နက်ကြီး ၊လက်နက်ငယ်နဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး KNLA ပူးပေါင်းအဖွဲ့က အထိအခိုက် တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) ဗဟိုအလုပ်မှုဆောင်အဖွဲ့ တယောက်က ပြောပါတယ်။ ဝီယော်တပ်စခန်းဟာ တပ်အင်အား ၃၀ လောက်နဲ့ အထိုင်ချထားတဲ့ ရှေ့တန်း […]

Most Read

2024-09-19 19:03:30