Breaking News >> News >> Democratic Voice of Burma


ထိုင်းနယ်ခြားစောင့်တပ်၊ KNLA နှင့် စစ်ကောင်စီတပ်တို့ ၃ ပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံ


Link [2022-04-16 02:32:59]



ထိုင်းနယ်ခြားစောင့်တပ်၊ KNLA တပ်နဲ့ စစ်ကောင်စီတပ်တို့မှ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတွေ  မြန်မာ-ထိုင်းနယ်ခြား သောင်းရင်းမြစ်အနီး (ထိုင်းဘက်ခြမ်း)မှာ ဧပြီ ၁၅ ရက် မနက်ပိုင်းက သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာ-ထိုင်း ချစ်ကြည်ရေး အဓွန့်ရှည်ရေး ရည်ရွယ်ချက်နဲ့ နှစ်သစ်ကူးအခါသမယမှာ အခုလို တွေ့ဆုံခဲ့ကြတာဖြစ်ပြီး တွေ့ဆုံပွဲကို ထာ့ဆောင်ရမ်းမြို့နယ်အခြေစိုက် ထိုင်းနယ်ခြားစောင့်တပ် ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးစောဒီးကွယ်နဲ့ စစ်ကောင်စီရဲ့(မဲသဝေါအခြေစိုက်တပ်)တပ်ရင်းမှူးတစ်ဦးတို့  တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာတော့ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေချိန်မှာ ထိုင်းဘက်က ဒီတွေ့ဆုံပွဲကို စီစဉ်ခဲ့တာပါ။ မြန်မာနဲ့ထိုင်းတို့ရဲ့ တူညီတဲ့ ရိုးရာပွဲတော် သင်္ကြန်ကာလ နှစ်သစ်မင်္ဂလာတွေ့ဆုံပွဲကို တက်ရောက်လာတဲ့ KNLA […]

Most Read

2024-09-20 23:31:44