Breaking News >> News >> Democratic Voice of Burma


ကော့ကရိတ်မြို့အနီး တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်


Link [2022-04-05 06:53:33]



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက  ဧပြီ ၄ ရက် ဒီကနေ့ ညနေ ၆ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့   KNLA တပ်ဖွဲ့ထံက သိရပါတယ်။ ကေအန်ယူ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေရှိ  KNLA ပူးပေါင်းတပ်တွေက တောင်ကြာအင်း ရဲစခန်းကို ဒီနေ့မနက်ကတည်းက စခန်းသိမ်းဖို့သွားရောက်ခဲ့ပြီး နေ့လယ်ပိုင်းမှာ စတင်ပစ်ခတ်ခဲ့ကာ ညနေပိုင်းမှာတော့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်တွေ စခန်းချတပ်စွဲထားတဲ့  စာသင်ကျောင်းကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ တိုက်ပွဲစတင်ချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးကူပစ်တဲ့အနေနဲ့ ကော့ကရိတ်မြို့တွင်းနဲ့ ကော့ကရိတ်မြို့အနောက်မြောက် ယာယီ စစ်ကောင်စီစခန်းတွေကနေ  လက်နက်ကြီးနဲ့  ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ အရပ်သား ပြည်သူ ၄ ယောက်ထက်မနည်း […]

Most Read

2024-09-21 08:35:33