Breaking News >> News >> Democratic Voice of Burma


အာရှလမ်းမကြီးတွင် KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်


Link [2022-03-15 00:53:00]



ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ  မတ်လ ၁၄ ရက် မွန်းလွဲ ၁ နာရီလောက်က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့က  စစ်ကောင်စီတပ်တွေရှိတဲ့ တောတွင်းနေရာတွေကို လက်နက်ကြီးနဲ့ ၁၀ လုံးကျော်ပစ်ခတ်တိုက်ခိုက်ရာ ၇ လုံးက စစ်ကောင်စီယာယီခြေကုတ်ယူထားတဲ့ နေရာကို ထိမှန်ပျက်ဆီးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့  KNLA တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။  တိုက်ပွဲမှာ နှစ်ဖက်တပ်သာတွေ ထိခိုက်ဒဏ်ရာရရှိမှုအခြေအအနေကိုတော့  အတည်မပြုနိုင်သေးပါဘူး။ ကော့ကရိတ်မြို့အနောက်ဘက် ၂ မိုင်လောက်မှာရှိတဲ့  စစ်ကောင်စီစုပေါင်းငွေကောက်ခံဂိတ်မှာလည်း ဒီကနေ့  အမည်မသိ လက်နက်ကိုင် ၂ ဦးက ဆိုင်ကယ်စီးလာပြီး ပစ်ခတ်ခဲ့လို့   BGF နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားပါတယ်။

Most Read

2024-09-22 02:32:27