Breaking News >> News >> Democratic Voice of Burma


ကျိုက်ထိုတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား


Link [2022-03-09 15:53:26]



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုနဲ့ မရမ်းချောင်းကျေးရွာကြားမှာ မတ် ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။လုံခြုံရေးယူပြီး စစ်ကြောင်းလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ဒေသ PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။နာရီဝက်ကျော်တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ဘက်ကလည်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ (၁) သထုံခရိုင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။အဲဒီတိုက်ပွဲအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်း ၂ နာရီနီးပါးအကြာ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သလို ခရီးသွား […]

Most Read

2024-09-21 08:56:14